တနင်္သာရီမြို့နယ်ရဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းဖြစ်တဲ့ ထုံခါ – မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းကို ဒီနေ့ကစပြီး ခရီးသွားလာခွင့်ကို ယာယီ ပိတ်သိမ်းလိုက်ကြောင်း တနင်္သာရီ ပကဖ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ကုန်သွယ်လမ်းပေါ်ကို မနေ့က ဇူလိုင် ၁၅ရက်မှာ အကြမ်းဖက် စစ်ကောင်စီ တပ်တွေ စစ်ကြောင်းထိုးတက်လာတာကြောင့် တော်လှန်ရေး အင်အားစုတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲ ဆက်လက်ပြင်းထန်လာမှာ ဖြစ်တဲ့အတွက် ခရီးသွား ပြည်သူတွေ ထိခိုက်မှုမရှိစေဖို့ ခရီးသွားလာခွင့်ကို ယာယီပိတ်သိမ်းလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ခရီးသွား ပြည်သူတွေအနေနဲ့ ထုတ်ပြန်ချက်ကို လိုက်နာပေးကြဖို့ကိုလည်း တနင်္သာရီ ပကဖကအသိပေး တိုက်တွန်းထားပါတယ်။