တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ပြည်ထောင်စုလမ်းပိုင်းတနေရာမှာ လမ်းလုံခြုံရေး ဆောင်ရွက်နေမှု မှတ်တမ်းကို ဒီနေ့မှာ ထုတ်ပြန် လိုက်ပါတယ်။
မြို့နယ် ပြည်ထောင်စုလမ်းပိုင်း တနေရာမှာ တနင်္သာရီ (ပကဖ) တောင်ပံနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြည်သူများ ဘေးကင်း လုံခြုံရေးအတွက် ဆောင်ရွက်နေမှုတွေကို ပုံနဲ့တကွ ထုတ်ပြန် အသိ ပေးလိုက်တာပါ။
တောင်ပံနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ပြည်ထောင်စု လမ်းမပေါ် စိုးမိုးနယ်မြေ များရရှိနိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး အဆိုပါ လမ်းပိုင်ဟာ မြိတ် ၊ကော့သောင်း ၊မော့တောင် တို့သွားရာမှာ အသုံးပြုတဲ့ လမ်းပိုင်းဖြစ်တယ်လို့ သိရပါတယ်။