စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာအဖြစ် ကုန်စိမ်းတွေ ပေးပို့လှူဒါန်းခဲ့တယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက် ထံမှသိရပါတယ်။
စစ်ရှောင်ပြည်သူများအတွက် မတ် ၄ ရက်နေ့မှာ ငွေကျပ် ၁၂ သိန်း ၅ သောင်းကျပ်တန်ဖိုးရှိတဲ့ ဂေါ်ဖီထုပ်၊ ကြက်သွန်နီ၊အာလူး၊ ခရမ်းချဥ်သီး၊သခွားသီး စတဲ့ ကုန်စိမ်းတွေကို ၊ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်အဖွဲ့ဝင်ဖြစ်တဲ့ People For People Foundation (PFP) ကတဆင့် ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ရှောင်ပြည်သူတွေကို ထောက်ပံ့ကူညီ လိုသူတွေအနေနဲ့လည်း စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ရဲ့ pay, Wave Pay, Kpay ,Thai ACC တွေနဲ့ ပေးပို့ လှူဒါန်းနိုင်တယ်လို့ အသိပေး ဖော်ပြထားပါတယ်။