စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ လူ ၂ ဦးထိခိုက်ဒဏ်ရာရရှိပြီး ကား ၂ စီးပျက်စီးခဲ့ကြောင်း ဒေသနေပြည်သူများက ပြောကြားသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် တန့်ဆည်မြို့နယ်၊ တောဂျင် ကျေးရွာ အနောက်ဖက် မယ်တော်ကြီးတောင်ခြေအနီးဝန်းကျင်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ တိုက်လေယာဉ်ဖြင့် ဗုံးသီး ၂ လုံးထက်မနည်း ကျဲချခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ ဖေဖော်ဝါရီလ ၁၄ ရက် နေ့ကလည်း တန့်ဆည်မြို့နယ်၊ မိုင်တိုင် ၃၇ ၊ ၃၈ ၊ ၃၉ အနီး လမ်းဘေးဝဲယာကို ဗုံးသီး ၈ လုံးထက်မနည်းကျဲချတိုက်ခိုက်ခဲ့ရာ ကား ၂ စီးပျက်စီးပြီး လူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဒီနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်လောက်မှာ တန့်ဆည်မြို့နယ်၊ တောဂျင်ကျေးရွာ အနောက်ဖက် မယ် တော်ကြီးတောင်ခြေအနီးဝန်းကျင်ကို ဂျက်ဖိုက်တာနဲ့ ဗုံးသီး ၂ လုံးထက်မနည်း ကျဲခဲ့တာ၊ အထိ အ ခိုက် စာရင်း အသေးစိတ်မသိရသေးဘူး။ မနေ့ကလည်း မိုင်တိုင် ၃၇ ၊ ၃၈ ၊ ၃၉ အနီး လမ်း ဘေးဝဲ ယာ ကို ဗုံးသီး ၈ လုံးထက်မနည်း တစ်ခါကျဲချခဲ့သေးတယ်၊ အဲဒီဖြစ်စဉ်မှာတော့ ကားနှစ်စီးနဲ့ လူ ၂ ဦး ထိခိုက်ခဲ့ရပါတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြား သည်။