စစ်ကိုင်းတိုင်း ၊ တန့်ဆည်မြို့နယ်အတွင်းက သံဃာတော်တွေက ဒီနေ့မှာ အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်ပြုလုပ်ခဲ့ကြပါတယ်။
သံဃာတော်တွေက ” ၁၃၈၆ ခု ၊ နယုန်လပြည့်ကျော် (၄) ရက် ၂၅ ၊ ၆ ၊ ၂၀၂၄ မှာ ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်” ပြုလုပ်ခဲ့ကြတယ်လို့ အသိပေးခဲ့တာပါ။
အကြမ်းဖက်စစ်ကောင်စီက သံဃာတော်တွေကို သတ်ဖြတ်တာ ၊ ဖမ်းဆီးတာတွေ ပြုလုပ်နေတဲ့ အတွက် မြန်မာနိုင်ငံတဝန်းမှာရှိတဲ့ သံဃာတော်တွေက ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်ပြုလုပ်နေ ကြာတာပါ။