စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အောင်သုခရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိတိုက်ခိုက်မှုရှိကြောင်း Civil Armed Force – CAF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဇူလိုင်လ ၇ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် တန့်ဆည်မြို့နယ် နားဋောင်းကျပျူရွာနှင့် တန့်ဆည် ရဲစခန်းမှ နေရာလဲရန် ထွက်လာသော အကြမ်းဖက် စစ်ကြောင်း ၂ ကြောင်း သည် အောင်သုခကျေးရွာဘုန်းကြီးကျောင်းဝင်း အတွင်း လူချိန်းနေစဉ် CAF နှင့် ကျေးရွာကာကွယ်တပ်များ ပူးပေါင်းပြီး လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း လက်နက်ကြီး ၃ လုံး အောင်သုခ ကျေးရွာဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေး ၂ ကောင် ဒဏ်ရာရတယ်လို့ပဲ အတည်ပြုလို့ရတယ်။ စစ်ခွေးသေဆုံးမှုစာရင်းတော့ အတည်မပြုနိုင်သေးဘူး” ဟု Civil Armed Force – CAF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။