တန့်ဆည်မြို့နယ် ပင်မသပိတ်စစ်ကြောင်းက အကြမ်းဖက်စစ်တပ်ကျရှုံးရေးဆန္ဒပြသပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြတော်လှန်ပြည်သူတွေက အလံတွေကိုင်ဆွဲပြီး “ဖိရင်ကြွ ထိရင်ချ နိုင်ငံသစ်ကို တည်ဆောက်ကြ” ၊ “ China…Stop Killing Myanmar People by Supporting Fascist Criminals ” ၊ “သို့ . . . တရုတ်အစိုးရဖက်ဆစ်တပ်နဲ့ ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ်။” ၊ “ဖက်ဆစ်ရွေးကောက်ပွဲကိုတိုက်ဖျက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ကိုင်စွဲချီတက်” အစရှိတဲ့ စာသားတွေကိုင်ဆွဲပြီး အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဟစ်ကြွေးမှုတွေနဲ့ ပြုလုပ်ခဲ့ကြတာပါ။
ဒေသခံတော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဆန္ဒပြသပိတ်ကို နေ့စဉ်ပြုလုပ်နေကြပါတယ်။