တန့်ဆည်မြို့နယ် ပင်မသပိတ်စစ်ကြောင်းက အကြမ်းဖက်စစ်တပ်ကျရှုံးရေးဆန္ဒပြသပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြတော်လှန်ပြည်သူတွေက အလံတွေကိုင်ဆွဲပြီး “တန့်ဆည်ပင်မသပိတ်” ၊ “သို့ . . .တရုတ်အစိုးရဖက် ဆစ်တပ်နဲ့ ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ်။” ၊ “တော်လှန်ပန်းတွေ လွင့်ပျံ အမျိုးသမီးတို့ အားမာန်” အစရှိတဲ့ စာသားတွေကိုင်ဆွဲပြီး အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဟစ်ကြွေးမှုတွေနဲ့ ပြုလုပ်ခဲ့ကြတာပါ။
ဒေသခံတော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဆန္ဒပြသပိတ်ကို နေ့စဉ်ပြုလုပ်နေကြပါတယ်။