တပ်မ(၈၈)လက်အောက်ခံ စစ်ကောင်စီတပ်သား သုံးဦး ၎င်းတို့ထံ အလင်းဝင်လာကြောင်း မြို့လှ KPDFတပ်ရင်းက ယနေ့ အသိပေးထုတ်ပြန်သည်။
အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားများမှာ ကချင်ပြည်နယ်၊ ဗန်မော်ခရိုင်အတွင်းလှုပ်ရှားနေသည့် စစ်ကောင်စီ၏တပ်မ(၈၈) လက်အောက်ခံတပ် ခလရ(၇၈)တပ်ရင်းမှ တပ်သား ရဝေအောင်၊နိုင်လင်းဦးနှင့် ခလရ(၄၃၇)မှ ဇော်မင်းထွေးတို့ဖြစ်သည်။
“လက်နက်တော့မပါဘူး။လမ်းကြောင်းအရ ကိုယ် လွတ်ရုန်းပြေးလာရတဲ့သူတွေလို့ သိရတယ်”ဟု မြို့လှ KPDF နှင့် နီးစပ်သူက လူထုနွေဦးသို့ ပြောသည်။
၎င်းတို့ကို လူ့ဂုဏ်သိက္ခာများနှင့်အညီစောင့်ရှောက်ကူညီပေးထားသည်ဟုလည်း ကချင်လွတ်မြောက်ရေတပ်မတော်(KIA) တပ်မဟာ(၈)၊ အမှတ်(၅)တပ်ရင်း၊မြို့လှ K- PDFတပ်ရင်းက အသိပေးသည်။
အဆိုပါ တပ်သားသုံးဦးကို လိုအပ်သည်များထောက်ပံ့ကူညီ၍ နေရပ်ပြန်ရေးအထိ အစစအရာရာ ကူညီဆောင်ရွတ်ပေးခဲ့ကြောင်းလည်း ဖော်ပြသည်။
စစ်ကောင်စီတပ်သားများအနေဖြင့် ပြည်သူ့မျက်နှာကိုထောက်ထား၍ အကြမ်းမဖက်အာဏာဖီဆန်ရေးCDMလှုပ်ရှားမှုသို့ ဝင်ရောက်လာကြရန် နှင့် အစစအရာရာတာဝန်ယူကြောင်း မြို့လှ KPDFက ဖိတ်ခေါ်သည်။
လက်နက်ဖြင့် အလင်းဝင်ရောက်လာပါက ထိုက်တန်စွာဂုဏ်ပြုဆုချီးမြှင့်သွားမည်ဟုလည်း အသိပေးသည်။
မကြာသေးမီရက်ပိုင်းက ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာတိုက်ပွဲတွင် တပ်မ (၈၈) လက်အောက်ခံ ခလရ(၇၇)မှ ဒုတပ်ကြပ် ကိုပေါညိမ်းမှာ မြို့လှ KPDFထံ လက်နက်ချအညံ့ခံခဲ့သည်။