သီတင်းကျွတ်မှာ မင်္ဂလာဆောင်ဖို့ အဆင်မပြေဖြစ်ခဲ့တဲ့အပြင် ဇနီးလောင်းကိုပါ တပ်သားအချင်းချင်းက ချိုးနှိမ်ပြီးပြောဆိုတာတွေရှိခဲ့လို့ ရဲတပ်သား ရီဝေယံတယောက်ဟာ စိတ်ပေါက်ပေါက်နဲ့ ရောက်ချင်ရာရောက်ဆိုပြီး သူနေထိုင်ရာ ပခုက္ကူမြို့နယ် ကျပ်ထိုးရဲစခန်းကနေ PDF တွေရှိရာ ကမ္မမြို့ဘက်ကို ဦးတည်ထွက်လာခဲ့ပါတယ်။
ကျပ်ထိုးနယ်မြေရဲစခန်းကို ကာကွယ်ရေးအဖွဲ့တွေ ခဏခဏ လာတိုက်ခိုက်နေပေမယ့်လည်း စစ်ကူလာပေးတာမျိုးမရှိဘဲ ကိုယ်ဖြစ်ကိုယ်ခံသဘောမျိုးပစ်ထားခံရတာကြောင့် ကျန်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း မိမိ အသက်ရှင်သန်ရေးအတွက် စဥ်းစားစေချင်တယ်လို့ PDF တွေ လက်ထဲမှာ ပျော်နေပြီဖြစ်တဲ့ ရဲတပ်သား ရီဝေယံက ဆိုပါတယ်။သူဟာ ဖမ်းဆီးထိန်းသိမ်းခံရပြီးကတည်းက PDF တွေရဲ့အစီအစဥ်အတိုင်း လိုက်နာနေထိုင်ပြီး ရှေ့ဆက်လည်း သူတို့အစီအစဥ်တိုင်းပဲ ဆက်ပြီးနေထိုင်သွားမယ်လို့ သိရပါတယ်။