စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က အမှတ်စဥ် ၁/၂၀၂၄ အဖြစ်နဲ့ အခြေခံစစ်ပညာ နဲ့ လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးသင်တန်းဆင်းပွဲအား အောင်မြင်စွာ ပြီးဆုံးခဲ့တယ်လို့ တမူးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဒီနေ့ မှာ အသိပေး ထားပါတယ်။
တမူးမြို့နယ် ပလဖရဲ့ သင်တန်းဆင်းပွဲကို မတ်လ ၃ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံ ထုတ်ပြန်ခဲ့ပြီး တမူးမြို့နယ် ပလဖ သို့ဝင်ရောက်လိုပါကလည်း ဆက်သွယ်စုံစမ်းနိုင်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
တမူးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ အဖွဲ့အစည်းဖြစ်ပြီး၊ ပြည်သူ့လုံခြုံရေး နဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအား ဒီထက်မက တာဝန်ထမ်း ဆောင်နိုင်ရေးအတွက် မြို့နယ် ပလဖ အနေဖြင့် ကံစမ်း မဲရောင်းခြင်းမှ ရရှိတဲ့ ငွေများဖြင့် ရဲဘော်များအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်း၊ ကျည်ကာ၊ ဖိနပ်၊ယူနီဖောင်း၊ လက်ထိပ် စသည်များ ဝယ်ယူနိုင်ရန် ကံစမ်းမဲများကို အားပေးကြပါရန်လည်း ဖိတ်ခေါ်ထား ပါတယ်။