တမူးမြို့ပေါ်တွင် တိုက်ခိုက်ခံရပြီး အထိနာသွားသည့်စစ်ကောင်စီတပ် နှင့် ပျူစောထီးစစ်ကြောင်းက တမူးခရိုင်တပ်ရင်း(၁) တပ်ရင်းမှူး၏ တမူးနေအိမ်ကို ယမန်နေ့ညနက်ပိုင်းက မီးရှို့ဖျက်ဆီးသွားသည်။
” ညက ပျူတွေနဲ့ စစ်တပ်ကကောင်တွေ ၁၃ယောက်လာပြီး မီးရှို့တာ။ သေနတ်တွေနဲ့ လုံခြုံရေးယူပေးတယ်။ စစ်တိုက်တာမနိုင်လို့ အိမ်ကို မီးရှို့တာ” ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီစစ်ကြောင်းအား ပြည်သူကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ဦးသေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးဒဏ်ရာရရှိခဲ့သည်။
တမူးမြို့၊ နန့်ဖာလုံရပ်ကွက်တွင် တပ်စွဲထားသောစစ်ကောင်စီနှင့် ပျူစောထီးစစ်ကြောင်းသည် မတ်လ ၂၅ရက် နေ့လယ်က ချောက်နက်ကြီးရပ်ကွက်အတွင်း ဝင်ရောက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပျူစောထီးလေးဦးသေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု တမူးပြည်သူကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။
ထို့နောက် မတ်လ ၂၆ ရက်ညတွင် တမူးခရိုင်တပ်ရင်း(၁) တပ်ရင်းမှူး၏ နေအိမ်ကို မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်။
စစ်ကောင်စီသည် တမူးမြို့ပေါ်၌သာ တပ်စွဲထားနိုင်ပြီး ပျုစောထီးများ၊ ကသည်းသူပုန်များကို လက်နက်တပ်ဆင်ပေးကာ မြို့ကို စောင့် ခိုင်းထားကြောင်း ဒေသခံများကပြောသည်။