တရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၄၅ဦးကို PDFတပ်ဖွဲ့က ပြည်သူ့ခုခံတော်လှန်စစ်အရ ရှင်းလင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ထုတ်ပြန်ပါတယ်။
သတင်းအချက်အလက်တွေအရ ဇွန် ၁၅ရက်က ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ – ၁၂ ဦး အထိ ခုခံတိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေတာတွေကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲနေတာပါ။
စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်ကနေ အပြီးတိုင်ချုပ်ငြိမ်းရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေက တိုင်းဒေသကြီးများတွင် ဖြစ်ပွားပေါ်ပေါက်နေတာဖြစ်ပါတယ်။
အခုအချက်အလက်တွေဟာ မြေပြင်မှာ သတင်းအချက်အလက်တွေထက် ပိုပြီး ဖြစ်ပွားနိုင်တယ်လို့ ဖော်ပြထားပါတယ်။