ရှမ်းပြည်မြောက်ပိုင်း၊ လားရှိးမြိုနယ် စစ်ကောင်စီမိုင်းကျက် တပ်စခန်းကို တလကြာတိုက်ခိုက်ပြီးနောက် TNLA သိမ်းပိုက်ရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
တပ်မဟာ (၆) စစ်ဒေသမှာ ရှိတဲ့ စစ်ကောင်စီမိုင်းကျက် တပ်စခန်းကို အောက်တိုဘာ ၂၇ ရက်နေ့ကစတင်ပြီး တအာင်းတပ်မတော် PSLF/TNLA က စတင်တိုက်ခိုက်ခဲ့တာပါ။
တအာင်းတပ်မတော် PSLF/TNLA က အပြင်းအအထန် ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက်မှာ ဒီနေ့မနက်အစောပိုင်းဖြစ်တဲ့ ၀၀ : ၀၅ နာရီအချိန်မှာ ၀င်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အကြမ်းဖက် စစ်တပ်ဘက်က လေကြောင်း တိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်ခဲ့တဲ့ အတွက် နှစ်ဘက် သေဆုံးထိခိုက်မှုတွေ ရှိခဲ့သလို မိုင်းကျက်တပ်စခန်းကို အကြမ်းဖက် စစ်ကောင်စီတပ်က ထောက်ပို့လေယဥ်နဲ့ ချပေးတဲ့ လက်နက်ခဲယမ်းတွေကိုလည်း တအာင်းတပ်မတော် TNLA က ရရှိခဲ့ပါသေးတယ်။