ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ခြံတံခါးမှာ ချိတ်ထားတဲ့ အထုပ်ကိုစွဲယူတဲ့ အမျိုးသမီး ၁ ဦး အထုပ်ထဲက ဗုံးပေါက်ကွဲလို့ ပြင်းထန်ဒဏ်ရာရတယ်လို့ သိရပါတယ်။
ဒီနေ့ မတ်လ ၈ ရက် မနက် ၇ နာရီခန့်မှာ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးလမ်းက ခြံဝန်းတစ်ခုရဲ့ ခြံတံခါးမှာ အနီရောင်နဲ့ထုပ်ထားပြီး ချိတ်ထားတဲ့ အထုပ်တစ်ခုကို အမှိုက်လာပစ်တဲ့ အမျိုးသမီးလေးက ယူလိုက်တာမှာ ဗုံးကွဲပြီး ဒဏ်ရာရတာလို့ သိရပါတယ်။
`ကျမ တို့ နားမှာပဲ အသံအကျယ်ကြီးပဲ၊ ခြံတံခါးမှာ ဗုံးထိတာနဲ့ သွေးတွေအများကြီးပဲ`လို့ဗုံးပေါက်ကွဲတဲ့ နေရာနားမှာ နေသူ တစ်ဦးက မဲခေါင်ကို ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီနဲ့ရဲတွေ လာရောက်စစ်ဆေးနေပြီး ဒဏ်ရာရသူကိုတော့ တာချီလိတ်လူမှုကူညီမှုအသင်းက ကာားနဲ့ ဆေးရုံကို သယ်သွားတယ်လို့ သိရပါတယ်။