ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ သီတာလမ်းထိပ်တွင် စစ်တပ်က လူငယ် ၂ ဦးကို ပစ်သတ်ခဲ့ကြောင်း တာမွေမြို့နေသူများက ပြောကြားသည်။
ယနေ့ ဒီဇင်ဘာလ ၈ ရက် ညနေ ၆ နာရီခွဲခန့်အချိန် တာမွေမြို့နယ်၊ တာမွေမြို့မရဲစခန်းအနီး သီတာ လမ်း ပေါ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူငယ်တစ်ဦးသေဆုံးခဲ့ပြီး မည်သူမည်ဝါမသိရသေးဘဲ ယခုည ၈ နာရီခန့်အထိ ရုပ်အလောင်းကို သယ်ဆောင်သွားခြင်းမရှိသေးကြောင်း၊ စစ်ကောင်စီတပ် သား၊ ရဲများမှ လမ်းများပိတ်ဆို့စစ်ဆေးနေပြီး ရဲစခန်းရှေ့ရှိ တိုက်ခန်းများကိုလည်း ဧည့်စာရင်း စစ်ဆေးနေ ကြောင်း သိရသည်။
“ပစ်ခတ်မှုဖြစ်တာ ညနေကတည်းက၊ အခုထိမပြီးသေးဘူး၊ လမ်းတွေပိတ်စစ်နေတယ်၊ ယောက်ျား လေး ၂ ဦး သေတယ်လို့ပြောတယ်၊ ဘယ်သူလဲတော့ မသိရသေးဘူး၊ အလောင်းက လည်း အခုထိ မသယ်ရသေးဘူး၊ ပစ်ခတ်မှုဖြစ်ပြီး ရဲကား၊ စစ်ကားတွေလာတော့ လူတွေ အကုန်တိတ် သွားတာ၊ ရဲစခန်းရှေ့တိုက်ခန်းတွေတော့ ဧည့်စာ ရင်းတွေလိုက်စစ်နေတယ်၊ ငါတို့လည်း ကြောက် နေပြရတယ်၊” ဟု တာမွေမြို့နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
အဆိုပါသီတာလမ်းထိပ်တွင် ပွဲဈေးတန်းကျင်းပနေသည်ဟု သိရှိရပြီး ပစ်ခတ်မှုဖြစ်ပွားရခြင်းကိစ္စ နှင့်ပတ်သက်၍ အသေးစိတ်အခြေအနေကို မသိရသေးပေ။