မေလ ပထမအပတ်ကစပြီး ဘောလခဲမြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေထဲကို လက်နက်ကြီး မကြာခဏ ကျရောက်မှုတွေ ရှိနေတာကြောင့် ဘောလခဲ ဒေသခံတွေဟာ မိမိနေရပ်မှာ မနေရဲကြတော့ပဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဘောလခဲဒေသခံတွေ ပြောပါတယ်။
လမ်းခရီးကြမ်းတမ်းမှုတွေကြောင့် စားနပ်ရိက္ခာတွေကို သယ်ယူလာနိုင်ခြင်းမရှိတဲ့အပြင် ကူညီကယ်ဆယ်ရေးအဖွဲ့တွေ မရှိသေးတာကြောင့် အရေးပေါ် အကူအညီ လိုအပ်နေကြပါတယ်။ လက်ရှိမှာ စစ်ရှောင်ဦးရေ ရာချီ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။