ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဥက္ကဌ ခွန်သူရိန်က ဖေဖော်ဝါရီ ၂၈ ရက် က ကပြောကြားတဲ့ ပြည်သူသို့ပန်ကြားချက်ထဲမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမယ်လို့ ပါရှိပါတယ်။
ခွန်သူရိန်က PNLA သတင်းစဉ်ကနေ ပအိုဝ်းဘာသာနဲ့ ပြောကြားခဲ့တာမှာ စစ်အာဏာရှင်တော်လှန်ဖို့ ပအိုဝ်းအချင်းချင်း ကူညီသင့်တယ်၊ စစ်အာဏာရှင်စနစ်အမြစ်ပြတ် မကျဆုံးသရွေ့ တိုက်ပွဲတွေလည်း ပြီးဆုံးမည်မဟုတ်၊ စစ်အာဏာရှင်မပြုတ်မချင်း တော်လှန်နေဦးမယ်၊ စစ်ပွဲကလည်း ဒီထက်မက ပိုပြင်းမယ်ဆိုတာ မိဘပြည်သူတွေကို အသိပေးတယ်လို့ ပါရှိပါတယ်။
လက်ရှိမှာ ခွန်သူရိန်ဟာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ရဲ့ ဥက္ကဌ ဖြစ်သလို ပအိုဝ်းအမျိုးသားတပ်မတော် PNLA တပ်မှူးချုပ်လဲ ဖြစ်ပါတယ်။
PNLO ဟာ PPST လို့ခေါ်တဲ့ NCA ကို လက်မှတ်ရေးထိုးတဲ့ အဖွဲ့ ၈ ဖွဲ့မှာ ပါဝင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်က ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာဖြစ်စဉ်မှာ စစ်ကောင်စီ၊ PNO တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်မှာ စစ်ကောင်စီကို အတိအလင်းတော်လှန်တဲ့ စစ်ဆင်ရေးမှာပါဝင်လာတဲ့ ပအိုဝ်းတိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။