ဒေနိ(ဒီဇမ်ဘာ ၂၅ ရက်နိ)ညဇာပိုင်းမာ တိုက်ပွဲဖြစ်ခြင်းမဟိဘဲ ရမ်းဗြဲမြို့ကို စစ်ကောင်စီက ဂျက်တိုက်လီယာဉ်နန့် (၅) ကြိမ်ကြိမ်တိုင်တိုင်လာရောက်ဗုံးကြဲတိုက်ခိုက်ခလို့ အိမ်တဆောင် ပျက်စီးဆုံးယှုံးလားကြောင်း သိရပါရေ။
ပျက်စီလားခရေ အိမ်စွာ ရမ်းဗြဲမြို့၊ အမှတ် (၃) အင်းတောင်ရပ်ကွက်က ဦးလှမောင်၏ အိမ်ဖြစ်ပါရေ။
ဒေနိညဇာ ၄ နာရီ ခွဲလောက်ကစပနာ စစ်ကောင်စီစွာ ရမ်းဗြဲမြို့နန့် အပါးဟပ်စပ်ရပ်ရွာတိကို (၅) ကြိမ်တိုင်တိုင် လာရောက် ဗုံးကြဲခကြောင်း ဒေသခံက ပြောပါရေ။
ယင်းဂျက်ဖိုက်တာ ကြဲချခရေဗုံးသီးတိထဲကတလုံးစွာ ဦးလှမောင်၏ အိမ်မာကျရောက်ပေါက်ကွဲခပြီးကေ အိမ်တဆောင်လုံးပြိုကျပျက်စီးလားခရေပိုင် အပါးဟပ်စပ်က အိမ်တချို့လည်း ထိခိုက်ပျက်စီးခရပါရေ။
ယင်းအပြင် ရမ်းဗြဲမြို့နယ်၊ သံချောင်းတိုက်နယ်၊ ကျက်သရေရွာဟိ ကိုယ်ရံတောင် ဘုရားတက်လမ်းဟောင်းမာလည်း ဗုံးသီးနှစ်လုံးကျရောက်ခပြီးကေ တလုံးပေါက်ကွဲခပနာ ကျန်တလုံးမာ လက်ဟိအချိန်ထိ မပေါက်ကွဲဘဲ ကျန်နီသိမ့်ရေလို့ ဆိုပါရေ။
ပြီးခရေ ဒီဇမ်ဘာ ၁၈ ရက်နိကလည်း ရမ်းဗြဲမြို့မာ စစ်ကောင်စီ၏ ကြည်း၊ ရီ၊ လီ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ တယောက်သီဆုံးခရပြီးကေ ၃ ယောက်ထက်မနည်း ဒဏ်ရာရဟိလားပနာ ဆီဆိုင်တန်းလည်းမီးလောင်ပျက်စီးခရပါသိမ့်ရေ။