စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်နဲ့ ဖောင်းပြင်မြို့နယ်တွေက မြို့နယ်အနှံ့အပြားမှာ အကြမ်း ဖက်စစ်တပ်၊ ရှမ်းနီ ပူးပေါင်းစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲတွေ ဆက်လက်ဖြစ် ပွားနေတာပါ။
တိုက်ပွဲတွေ ဆက်လက်ပြင်းထန်းလာနိုင်တာကြောင့် နောင်ပိုအောင်-ပင်ခုတ်- နတ်နန်း-ဖောင်းပြင် လမ်းပိုင်းနဲ့ ရွှေပြည်အေး – ဟုမ္မလင်း-ဖောင်းပြင် ရေကြောင်းခရီးတွေကို ပြည်သူတွေအနေနဲ့ ဖြတ်သန်းသွား လာတာတွေ မပြုလုပ်ကြဖို့ Homalin People’s Defense Force-HPDF 124 က နိုဝင်ဘာ ၂၁ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
ဟုမ္မလင်း PDFရဲ့ သတိပေးချက်တွေကို လိုက်နာခြင်းမရှိဘဲ၊တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ယူ ဖြေရှင်းပေးမှာမဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။