ကရင်နီပြည် အခြေစိုက် ဒီးမော့ဆို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် -DMO Local Pdf အနေနဲ့ ရှေ့တန်း တိုက်ပွဲတွေ အတွက် ကျည်ဆန်နဲ့ ရိက္ခာတွေ အရေးပေါ် လိုအပ်နေတယ်လို့ ပြန်ကြားရေး တာဝန်ရှိသူ ကိုခွန်းဖရန့်စစ်က ဒိကနေ့ ပြောပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေးမှာ DMO Local Pdf က တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ ပါဝင် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
“နေ့တိုင်း နေ့တိုင်း သွားပစ်ရတော့ ကျည်ကလည်း နေ့တိုင်း ကုန်နေတော့ ကျွန်တော်တို့မှာ ပြန်ဖြည့်တင်းဖို့က တော်တော်လေး ခက်ခဲနေတာပေါ့။ အဲ့တာကြောင့် ကူပေးကြပါအုံး” လို့ ကိုခွန်းဖရန့်စစ်က မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါတယ်။
စစ်ကောင်စီတပ်ကို ရှေ့တန်းမှာ နေ့စဥ် တိုက်ခိုက်နေရတဲ့အတွက် ကျည်အမြောက်အမြား ကုန်နေပြီး ကျည်ဆန် တစ်ကောင့် ကျပ် ၇,၀၀၀ နှုန်း၊ ရိက္ခာ တစ်ထုပ် ကျပ် ၃,၀၀၀ နှုန်းနဲ့ ပြည်တွင်း ပြည်ပက ပြည်သူတွေ အနေနဲ့ https://www.facebook.com/dmopdf က တစ်ဆင့် ပါ၀င် ကူညီပေးဖို့ သူကတိုက်တွန်းထားပါတယ်။
လက်ရှိ လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲမြို့နယ်တွေမှာ ဖော်ဆောင်နေတဲ့ ၁၁၁၁ စစ်ဆင်ရေး အတွင်း DMO Local Pdf တပ်ဖွဲ့ ရဲဘော် တစ်ဦး ကျဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။