စစ်ကောင်စီက တီမောလက်စတေးနိုင်ငံ၊ မြန်မာသံရုံး ၀န်ထမ်းတွေကို နိုင်ငံအတွင်းက ထွက်ခွာဖို့ ဖိအားပေးတာဟာ တရားမ၀င်ဘူးလို့ အမျိုးသား ညီညွတ်ရေး အစိုးရ-NUG က ဒီကနေ့ ထုတ်ပြန် ပြောဆို လိုက်ပါတယ်။
ရွေးကောက်ခံ အစိုးရကို လက်နက် အားကိုးပြီး အတင်းအဓမ္မ အာဏာသိမ်းထားတဲ့ စစ်အုပ်စု အနေနဲ့ နိုင်ငံရဲ့ သံတမန်ရေးရာ ကိစ္စရပ်တွေကို ဆုံးဖြတ်ခွင့် မရှိဘူးလို့ NUG ကဆိုပါတယ်။
တီမောသံရုံး တာ၀န်ခံနဲ့ အတူ သံရုံး၀န်ထမ်းတွေကို စစ်ကောင်စီက စက်တင်ဘာလ ၁ ရက်နေ့ မတိုင်ခင် နိုင်ငံ အတွင်းမှ ထွက်ခွာဖို့ အတင်းအကြပ် ဖိအားပေးနေတာဖြစ်ပြီး ဒီလုပ်ရပ်ဟာ ဥပဒေမဲ့ ပြုလုပ်တဲ့ လုပ်ရပ်သာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီမိုကရေစီစံနှုန်း၊ လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းတွေနဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ရပ်တည်ချက် တွေကို အလေးထားတဲ့ တီမောလက်စတေးနိုင်ငံကို ကျေးဇူးတင်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ တီမောနိုင်ငံကဲ့သို့ မြန်မာပြည်သူတွေနဲ့ အတူ ၀ိုင်း၀န်းရပ်တည်ကြဖို့ ထုတ်ပြန်ချက်မှာ တိုက်တွန်း ထားပါတယ်။