ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း မှာ ဖုန်းလိုင်းများနဲ့ အင်တာနက်လိုင်းဝန်ဆောင်မှုအားလုံးကို သောကြာနေ့ကတည်းက ပြန်ဖြတ်တောက်တာ ပြန်မဖွင့်သေးဘူးလို့ဒေသခံတွေဆီကသိရပါတယ်။
ဖုန်းလိုင်းဖြတ်တောက်မှုမှာ MPT ဖြစ်တဲ့ အစိုးရပိုင်ဆက်သွယ်ရေးလိုင်း၊ Oredoo နဲ့ ATOM အင်တာနက်ဝန်ဆောင်မှုတွေပါဝင်ပါတယ်။
လိုင်းဖြတ်တောက်မှုနဲ့ပတ်သက်ပြီး အကြောင်းရင်းကိုတော့ သက်ဆိုင်ရာက အသိပေးထုတ်ပြန်တာမျိုးမရှိပါဘူး။
ဟားခါးဒေသခံတစ်ဦးက “ MPT မရတာကြာလာတော့ Telenor နဲ့ Oredoo ကဒ်တွေသုံးရတယ်။ အဲဒါလည်း လိုင်းကောင်းလိုက်မကောင်းလိုက်ပါပဲ” လို့ပြောပါတယ်။
ချင်းပြည်နယ်ဟားခါးမြို့မှာတော့ အောက်တိုဘာ ၁၀ ရက်ကတည်းက MPT လိုင်းကို ဖြတ်တောက်ခဲ့တာဖြစ်ပြီး တီးတိန်မြို့မှာတော့ တယ်လီကွန်းကွန်ယက်သုံးခုလုံးအဖြတ်ခံရတာဖြစ်ပါတယ်။