တောင်ကိုရီးယားနိုင်ငံ၊ ဖျောင်းထက်မြို့အနီးမှာ တော်လှန်ရေးအတွက် ရန်ပုံငွေဖလား ဘောလုံးပြိုင်ပွဲနဲ့ ဈေးရောင်းပွဲကို အောက်တိုဘာ ၁၀ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ရန်ပုံငွေဖလားပွဲက မြင်းမူ ပြည်သူ့ကာကွယ်ရေး တပ်မတော် (Black Eagle Defence Force – MMU)အတွက် အားဖြည့်ရန် ရည်ရွယ်ပြီး ပြုလုပ်မှာပါ။
မြင်းမူ ပြည်သူ့ကာကွယ်ရေး တပ်မတော်အတွက် စက်လက်နက် ဝယ်ယူရန်အတွက် ပြုလုပ်ရခြင်းဖြစ်တယ်လို့ YESAGYO SUPPORT TEAM က အောက်တိုဘာ ၃ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
ပြိုင်ပွဲဝင်အသင်း ၁၀ သင်းနဲ့ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားများအနေဖြင့် ပူးပေါင်း ပါဝင် ပေးကြဖို့ YESAGYO SUPPORT TEAM မှ ဖိတ်ခေါ်ထားပါတယ်။