တောင်ကိုးရီးယားနိုင်ငံမှာ KNU တပ်မဟာ ၁ / ၂ / ၃ /၅ သောသီခို စစ်ဆင်ရေးအတွက် ပြည်သူ့ထံမှ အကူအညီတောင်းခံခြင်း ကမ်းပိန်း ကို မနေ့ကပြုလုပ်ခဲ့ပါတယ်။
တောင်ကိုရီးယားရောက် ကရင်လူငယ်များ၊ Ayeyarwaddy Delta Karen(ADK)၊ ဖားစည်မြေမှ ညီအကိုများအဖွဲ့တို့မှ ပူးပေါင်းကာ အင်ချွန်း-ဘူဖျောင်းမှာ မတ် ၁၇ ရက်က ပြည်သူ့ထံမှာ အကူအညီ တောင်းခံခြင်းအစီအစဥ်ကိုပြုလုပ်ခဲ့တာပါ။
KNU တပ်မဟာ(၅) ဗျူဟာ ဗိုလ်စောအဲ့ဂေမှ ကမ်ပိန်းကို တပ်မဟာ (၅)အတွင်းမှာ ပြုလုပ်တာဖြစ်ပြီး၊ KNUတပ်မဟာများ အတွင်း တပ်မှူး၊တပ်သားတွေရဲ့ လိုအပ်ချက်တွေကို မျက်မြင် ကိုယ်တွေ့ ရင်ဆိုင်ခဲ့ရကာ၊ ပြည်တွင်း၊ပြည်ပ အလှူရှင်များကို စိတ်အား တက်ကြွစွာ လာရောက်ပါဝင်ကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။
Thaw Thi Koh သောသီခို ကမ်ပိန်းဟာ ကော်သူးလေးဒေသက စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲအရှိန်မြှင့်မယ့် အကြီးစား၊ပထမ အဆင့်ဖြစ်ပြီး၊KNLA တပ်မတော်ရဲ့ စစ်ရေးအသုံးစရိတ် နဲ့ အထွေထွေ လိုအပ်ချက်များ ဖြည့်တင်းရန် အတွက် ရည်ရွယ်ပြုလုပ် ရတာဖြစ်တယ်လို့ ဆိုပါတယ်။
သောသီခို ကမ်ပိန်းကို ဖေဖော်ဝါရီ ၂၀ ရက်မှ မတ် ၃၁ ရက် နေ့ အထိကာလရက်သတ်မှတ်ထားတယ်လို့ အသိပေးဖော်ပြ ထားပါ တယ်။