တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု အလိုမရှိကြောင်းဆန့်ကျင်ဆန္ဒပြပွဲကျင်းပခဲ့ကြောင်း သိရှိရသည်။
ဆန္ဒပြပွဲတွင်တော်လှန်ရေးတက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းက ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက်မွေးနေ့ဆုတောင်းပွဲကို ချွန်းနန်း လက်ကီဆဲဗင်းမြန်မာစားသောက်ဆိုင်တွင ဇွန်လ ၁၅ ရက်စနေနေ့တွင် ကျင်းပမည်ဖြစ်ကြောင်း၊ ဒယ်ဂူဘုန်းဘုန်းက စစ်ဘေးရှောင်ပြည်သူများအတွက် အာဟာရဒါနပေးလှူနိုင်ဖို့မတည်ငွေ ဝမ် ၁၁ သိန်း လှူဒါန်းကာ ကိုရီးယားရောက်မြန်မာများ၏ ပါဝင်လှူဒါန်းမှုဖြင့် ကျပ်သိန်း ၅၀ ရရှိထားကြောင်း သိရှိရသည်။