တောင်ကိုရီးယားနိုင်ငံ၊ ဂူမိမြို့တွင် အသောက သုခဂူမိ အဖွဲ့မှ နွေဦးတော်လှန်ရေး ရန်ပုံငွေ ထောက်ပို့ အလှူခံပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေး တက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းမှလည်း တော်လှန်ရေးတွင် ထောက်ပို့အဓိက လိုအပ်ကြောင်း ဒယ်ဂူးမြို့၊ ဝဲကန်မြို့နှင့် ချီးဂုတ် စသောနေရာများတွင် တော်လှန်ရေးအတွက် စည်းရုံးဟောပြောခဲ့ကြောင်း သိရှိရသည်။