တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့တွင် တော်လှန်ရေးရန်ပုံငွေ ထောက်ပို့နိုင်ရေး ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် မတရား စစ်မှုမထမ်းမနေရဥပဒေကို အလိုမရှိကြောင်းဆန္ဒပြပွဲကျင်းပခဲ့ကြသည်။
အဆ်ုပါပွဲတွင် တော်လှန်ရေးတက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းက ပြည်တွင်းပြည်ပရှိမြန်မာနိုင်ငံသူနိုင်ငံသားတို့ကို တော်လှန်ရေးအမြန်ဆုံးအောင်မြင်ရန် မိမိတို့စွမ်းနိုင်ရာဖြင့် အာဏာရှင်စနစ်ဆိုးမှလွတ်မြောက်အောင်ကြိုးစားကြရန် အဖွင့်အမှာစကားမိန့်ကြားခဲ့ကြောင်း သိရှိရသည်။