တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ “နွေဦးတိုက်ပွဲ အောင်ပွဲခေါ်သံ” ဆန္ဒပြပွဲနှင့် ရန်ပုံငွေရှာဖွေပွဲကို ယနေ့ ဘူဖျောင်းမြို့တွင် ကျင်းပပြုလုပ်ရာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် တစိုက်မတ်မတ် ပါဝင်နေကြသော မြန်မာနိုင်ငံသားများ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါပွဲကို စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)က စီစဉ်ပြီး GMSR အဖွဲ့နှင့် အခြားတော်လှန်ရေး တက်ကြွသူ ၁၂၀ ခန့် ပါဝင်ခဲ့ကြကာ ဆန္ဒပြပွဲသို့ အမျိုးသားညီညွတ်ရေး အစိုးရ၏ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်း တက်ရောက်ပြီး တော်လှန်ရေးအမှာစကား ပြောကြားရာမှာ စကစသို့ အခွန်မပေးရေးနှင့် နေထိုင်ခွင့် ဗီဇာကိစ္စအတွက် NUG ရုံးမှ ဆောင်ရွက်နေသည်များကို ရှင်းလင်း ပြောကြားသွားခဲ့တယ်လို့ သိရပါတယ်။