တောင်ကိုရီးယားနိုင်ငံ၊ဂူမိမြို့တွင် စစ်ဘေးရှောင်ပြည်သူများကို ထောက်ပို့နိုင်ရေး အလှူခံဆုတောင်းပွဲကျင်းပခဲ့ပြီး ဒယ်ဂူးမြိုတွင်လည်း ခိုခိုအဖွဲ့က ဦးစီး၍ ကိုရီးယားအဖွဲ့အစည်းများ၊ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများပူးပေါင်းကာ မြန်မာစစ်ဘေးရှောင်ကလေးသူငယ်များအတွက် ကွတ်ကီးရောင်းချရန်ပုံငွေရှာဖွေပွဲကို ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် ဒယ်ဂူးဘုန်းဘုန်းမှ တော်လှန်ရေးအောင်မြင်ပြီးဆုံးသည့်အထိ ကိုရီးယားလူမျိုးအနေဖြင့် ဆက်လက်ကူညီးပေးကာ ကလေးသူငယ်များအတွက်၊စားနပ်ရိက္ခာများ၊ပညာရေး သင်ထောက်ကူပစ္စည်းကိုလည်း လှူဒါန်းပေးရန်တောင်းဆိုကာ တက်ရော်လာသူအားလုံးကိုယ်စား ကျေးဇူးတင်စကားမိန့်ကြားခဲ့ကြောင်း သိရှိရသည်။