တောင်ကိုရီးယားနိုင်ငံ၊ဒယ်ဂူးမြို့တွင် စစ်အာဏာသိမ်းမှုအလိုမရှိဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး ဘူဖြောင်းမြို့တွင်လည်း MFDMC မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်မှ ဦးစီးကာ ရန်ပုံငွေရရှိရေးတော်လှန်ရေး THE WAY ရုပ်ရှင်ဇာတ်ကားကိုပြသခဲ့သည်။
ဆန္ဒပြပွဲတွင် ဒယ်ဂူးဘုန်းဘုန်းမှ အကြမ်းဖက်စစ်တပ်၏ စနစ်ဆိုးအောက်တွင် တာဝန်ထန်းဆောင်နေသော စစ်သားများ၊ ရဲများပြည်သူရင်ခွင်ကို ခိုဝင်ရန် အချိန်ကောင်းအခါကောင်းဖြစ်ပြီး ပြည်တွင်းပြည်ပရှိမြန်မာနိုင်ငံသူ၊နိုင်ငံသများအနေနှင့် လတ်တလေတိုက်ပွဲဖြစ်နေသောနေရာများသို့ ထောက်ပို့မှုအရှိန်မြင့်ပြီး ထောက်ပံ့သင့်ကြောင်း၊ များများထောက်ပို့မြန်မြန်အောင်ပွဲရမှာဖြစ်ကြောင်း မိန့်ကြားခဲ့သည်။