တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် စစ်တပ်က အရှင်လတ်လတ်မီးရှို့သတ် ဖြတ်ခံရ သော ဂန့်ဂေါ PDF ရဲဘော်နှစ်ဦးအတွက် ဆုတောင်းမေတ္တာပို့သခြင်းနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယနေ့ မတ်လ ၃ ရက် ကိုရီးယာစံတော်ချိန် မွန်းလွဲ ၁ နာရီခန့်တွင် ကိုရီးယာနိုင်ငံရောက် မြန်မာ့ ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်- Myanmar Federal Democracy Mission Collection (MFDMC) ၊ ကိုရီးယား အဖွဲ့အစည်းများ ၊ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသော နွေဦး တော်လှန်ရေးသပိတ်အင်အားစုတို့ အတူတကွ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကိုရီးယား အဖွဲ့ အစည်းများနှင့် မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၆၀ ဦး ၀န်းကျင်ခန့် ပူးပေါင်း ပါ၀င်တက်ရောက်ခဲ့ကြောင်း သိရသည်။