မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ချင်းသပြေပင် ကျေးရွာ အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် အပေါင်းအပါ ၁ ဦး ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူး ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ချင်းသပြေပင် ကျေးရွာ အုပ်ချုပ်ရေမှူး နန်းဝင်း နှင့် လင်းလင်းစိန်တို့သည် ကသာကျေးရွာ ကြက်ဝိုင်းမှ အပြန် သဲဖြူနှင့် ချင်းသပြေပင် ကျေးရွာ အကြားတွင် အမည်မသိ တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ အုပ်ချုပ်ရေးမှူး နန်းဝင်း ဆိုသူ နေရာတွင် ပွဲချင်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူး၏ အပေါင်းအပါဖြစ်သူ လင်းလင်းစိန် ဆိုသူသည် ဦးခေါင်းကို ကျည်ထိမှန်ထားသော်လည် လက်ရှိချိန်တွင် မကွေးဆေးရုံကို ရောက်ရှိနေကာ ဆေးကုသမှု ခံယူနေပြီး ဒဏ်ရာ ပြင်းထန်ကြောင်း သိရှိရသည်။
သေဆုံးသွားသော နန်းဝင်းနှင့် အပေါင်းအပါ ဖြစ်သူ လင်းလင်းစိန်ဆိုသူသည် ပြည်သူ့စစ်ဝင်ရန် ၁ အိမ် ၁ ဦး မဲနှိုက်ခိုင်းပြီး မဲပေါက်သူများကို ထောက်ပံ့ရန်ဆိုကာ ၁ အိမ်လျှင် ၃၀၀၀၀ မှ ၆၀၀၀၀ ကျပ်ထိ အတင်းအဓမ္မ ကောက်ခံကာ ကောက်ခံရရှိသော ငွေများဖြင့် အပျော်အပါး လောင်းကစားဝိုင်းများကို သွားရောက်ပြီး အပြန်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။