ကရင်ပြည်နယ်၊ တောင်ပိုင်းစစ်ဒေသတွင် အထူးစစ်ဆင်ရေး S.O.F ရှေ့တန်းစစ်ကြောင်းများက ၇၆ နှစ်မြောက် အာဇာနည်နေ့ အလေးပြုခြင်းအခမ်းအနားပြုလုပ်ကြောင်း အဆိုပါစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်သော ၇၆ နှစ်မြောက် အာဇာနည်နေ့အမှတ်တရ အလေးပြုခြင်းအခမ်း အနား အစီအစဥ်များအား နံနက် ၇း၀၀ နာရီအချိန်တွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ၏ ရှေ့တန်းစစ်ကြောင်းများနှင့် တပ်ခွဲများတွင် တပြိုင်နက်တည်း အသီးသီးကျင်းပခဲ့ကြကြောင်း သိရှိရသည်။
အလေးပြုခြင်းအစီအစဥ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံတော်အားအလေးပြုခြင်း၊ ကျဆုံးခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F မှ ကျဆုံးခဲ့ကြသော အာဇာနည်ရဲဘော်များအား အလေးပြုခြင်းနှင့် တောင်ပိုင်းစစ်ဒေသ စစ်ဆင်ရေးမှုးရဲဘော်စောရှားပေးပို့သောအာဇာနည်နေ့သဝဏ်လွှာအားဖတ်ကြားခဲ့ကြသည်ဟု သိရှိရသည်။
အာဇာနည်နေ့အမှတ်တရအဖြစ် အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း၊ S.O.F ၏ အာဇာနည်ရဲဘော်များအကြောင်း ဂုဏ်ယူဖွယ်၊ လွမ်းဆွတ်အောင့်မေ့ဖွယ် မှတ်တမ်းအကြောင်းအရာများ ပြန်လည်ပြောပြခဲ့ကြပြီး အခမ်းအနားအစီအစဥ်အား အဆုံးသတ်ခဲ့ကြသည်ဟု သိရှိရသည်။
See Translation
All reactions:
3.3K3.3K