တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲမှ ဒရုန်းလက်ရုံးတပ်ဖွဲ့၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မေ ၃၁ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သင်တန်းကို ဧပြီလ ၈ ရက်နေ့မှ မေလ ၈ ရက်နေ့အထိ သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ ဒရုန်းလက်ရုံးတပ်ရှိ ရဲဘော်များအတွက် နည်းပညာနှင့်သင်ကြားရေးဌာနက ဒရုန်းနည်းပညာများ တတ်မြောက်ကျွမ်းကျင်လာစေရန် သင်တန်းပေးခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိအချိန်ထိ စခန်းသိမ်းတိုက်ပွဲများတွင် ဝေဟင်ဒရုန်းစစ်ဆင်ရေးများသည် အထူးအရေးပါသည့်နေရာမှ ပါဝင်တိုက်ခိုက်လျက်ရှိနေကြောင်း သိရှိရသည်။