အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းတိုင်းစစ်ဒေသ၊စစ်ဒေသခွဲ (၃) နဂါးနီစစ်ကြောင်းမှ အခြေခံ စစ်သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း ယမန်နေ့က သတင်းထုတ်ပြန်လိုက်သည်။
ယင်းသင်တန်းဆင်းပွဲးအခမ်းအနားကို စစ်ရေးပြအခမ်းအနားဖြင့် ပြုလုပ်ခဲ့ပြီး နဂါးနီစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ကိုဟိန်းမှ သစ္စာရေတိုက်ကျွေးခြင်း ကျမ်းသစ္စာကျိန်ဆိုခြင်း နှင့် စစ်ရေးပြ စစ်ကြောင်း ပုံချီတက်အလေးပြုခြင်းများဖြင့် ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
အခြေခံစစ်သင်တန်းကာလ နှစ်လတာကြာမြင့်ခဲ့ပြီး ရဲဘော်များ၏ အမိန့်နာခံတတ်မှုနှင့် စည်းကမ်း ကောင်းမွန်မှုရရှိစေရန် စစ်ရေးပြသင်ခန်းစာများ၊ စစ်မြေပြင်ကိုယ်စီသင်ခန်းစာများ၊ အခြေခံ စက်ပစ်ကွင်း ပစ်ခတ်စဉ်များ၊ တောတွင်းနေထိုင်စားသောက်ခြင်း၊ တပ်စိတ်/တပ်စု တိုက်စစ်သင်ခန်းစာများ စသည်ဖြင့် လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ကြောင်း နဂါးနီစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မကြာမီ တွင်လည်း အခြေခံစစ်သင်တန်း အပတ်စဉ်(၂)အတွက် တပ်သားသစ်များ ခေါ်ယူရန် ကြေညာချက် အား ထုတ်ပြန်သွားမည်ဖြစ်ကြောင်း နဂါးနီစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။