စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်၊ တောင်ပေါ်ကျေးရွာမှာ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက မေ ၁၉ ရက်မှာ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြပါတယ်။
လူထုတွေ့ဆုံပွဲမှာ တောင်ပေါ်ကျေးရွာက ပြည်သူများ ၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး ၊ ပြည်သူ့ကာကွယ်ရေး ၊ ပြည်သူ့လုံခြုံရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာတာဝန်ခံတို့ ပါဝင်ခဲ့ကြတာပါ။
ပုလဲမြို့နယ်အတွင်းမှာ ကျေးရွာပေါင်း ၂၀၀ ကျော်ရှိပြီဂတော့ ၉၀ ရာခိုင်နှုန်းကျော်မှာ ရပ်ကျေး ပအဖ ၊ ပကဖ တွေ ဖွဲ့စည်းထားပြီး ပြည်သူ့အုပ်ချုပ်ရေးကို ဖော်ဆောင်နေတာလည်း ဖြစ်ပါတယ်။