မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဆည်ကလေးကျေးရွာအတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၇ ဦး သေဆုံးခဲ့ကြောင်း Myingyan District Drone Strike Team တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
မတ်လ ၁၂ ရက်နေ့တွင် တောင်သာမြို့နယ်၊ ဆည်ကလေးရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက် လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးများ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ စစ်သား ၇ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းကြောင်း သိရသည်။
“အဲတိုက်ခိုက်မှုက စစ်ခွေး ၇ ကောင်သေပါတယ်။ စစ်ခွေး အလောင်းတွေနဲ့ ဒဏ်ရာရတဲ့ စစ်ခွေးတွေကိုတော့ တောင်သာမြို့ကို နာရေးကား ၂ စီးနဲ့ သယ်သွားတယ်လို့ သိရတယ်” ဟု Myingyan District Drone Strike Team တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ ထိုတိုက်ခိုက်မှုကို Myingyan District Drone Strike Team ၊ Shar Htoo Waw နည်းပညာ တပ်ဖွဲ့Team 2 ၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် ၈ ၊ မလှိုင်မြို့နယ် ပကဖ နှင့် MHLG Wing တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။