ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF၊ တပ်ရင်း (၉) ရဲဘော် တစ်ဦးဟာ တော်လှန်ရေး တာဝန် ထမ်းဆောင်ရင်း အောက်တိုဘာ ၂၁ ရက်နေ့က ကျဆုံးခဲ့တယ်လို့ KNDF တပ်ရင်း (၉) က မနေ့က ထုတ်ပြန်ပါတယ်။
ကျဆုံး ရဲဘော်ဟာ KNDF တပ်ရင်း (၉) တပ်ခွဲ (၁) မှာ တာဝန် ထမ်းဆောင်နေတဲ့ ရဲဘော် ဆယ်ဘာစတျားနို ဖြစ်ပြီး တပ်ဖွဲ့မှ ပေးအပ်တဲ့ တာဝန်တွေကို စွမ်းစွမ်းတမံ ထမ်းဆောင်တဲ့ ရဲဘော် ဖြစ်တယ်လို့ တပ်ရင်း (၉) ကဆိုပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော်ဆယ်ဘာစတျားနို ရဲ့ ဈာပန အခမ်းအနားကို တပ်ရင်း တာဝန်ရှိသူများ၊ ရဲဘော်ရဲဘက်များနဲ့ ကရင်နီပြည်သူများက ကရင်နီပြည်နယ် တစ်နေရာမှာ ပြုလုပ်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့မှာလည်း KNDF တပ်ရင်း (၉) မှ ရဲဘော်ငဲတူး ဟာ တော်လှန်ရေး တာဝန် ထမ်းဆောင်ရင်း ကျဆုံးခဲ့ပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော်တွေကို KNDF တပ်ရင်း (၉) မှ အာဇာနည် သူရဲကောင်းအဖြစ် မှတ်တမ်းတင် အလေးပြုခဲ့ပြီး တော်လှန်ရေး အောင်မြင်တဲ့အထိ ဆက်လက် တိုက်ပွဲ ဝင်သွားမယ်လို့ ဆိုပါတယ်။