တော်လှန်ရုပ်ရှင် THE WAY က ရရှိလာတဲ့ ရန်ပုံငွေနဲ့ မြေပြင်တစ်နေရာမှာ ဆေးရုံဖွင့်ထားပြီးတော့ တစ်လအတွင်းမှာပဲ ခွဲစိတ်မှုပေါင်း ၁၀၉ ခုအထိ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်လို့ THE WAY က အသိပေးထုတ်ပြန်လိုက်ပါတယ်။
THE WAY ရဲ့ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်တဲ့ တော်လှန်အနုပညာရှင် လင်းလင်း ကတော့ The Way Musical Film ‘ ဆိုတဲ့ တံတားတစင်းကနေ ပြည်တွင်းပြည်ပ တော်လှန်လူထုရဲ့ ကိုယ့်ကိုကိုယ် တာဝန်ပေးခြင်းမှတဆင့် ပေါ်ပေါက်လာတဲ့ တောတွင်းတနေရာက ဆေးရုံ။ တန်ဖိုးရှိသော လူသားစစ်စစ်များရဲ့အသက်ကို စောင့်ရှောက်နေသောဆရာဝန်စစ်စစ်ကြီးများအား လေးစားဦး ညွှတ်လျှက်” ဆိုပြီးတော့ ရေးသားခဲ့ပါတယ်။
မြေပြင်ဆေးရုံမှာ X ray unit ၊ OPERATION THEATRE ၊ Post opလူနာဆောင် အစရှိ တာတွေအပြင် infrastructure သာမက ခွဲစိတ်ပစ္စည်းများ ၊ investigation အတွက် လိုအပ်တဲ့ စက်ပစ္စည်းတွေ ပါဝင်တယ်လို့ သိရပါတယ်။
“မြေပြင်မှာ ဆေးကုသပေးနေတဲ့စနစ်ကျလှတဲ့ကျန်းမာရေးအဖွဲ့အတွက် အခုလို ဖြည့်ဆည်းဆောင် ရွက်ပေးနိုင်ခဲ့တာဟာ အနုပညာအားနဲ့ ပြည်သူတွေပေါင်းစည်းရာမှ ဖြစ်ပေါ်လာတဲ့ လမ်းလေးမို့ ကြည်နူးပီတိ ဟာ ပြောမပြတတ်အောင်ပါပဲ။” လို့ THE WAY ပေ့ချ်က ဖော်ပြခဲ့ပါတယ်။
တော်လှန်ရုပ်ရှင် The Way Musical Film က ရရှိလာတဲ့ ငွေတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးကတစ်ဆင့် ပြန်လည်လှူဒါန်းမှုတွေ ပြုလုပ်ခဲ့သလို The Way အနေနဲ့ လည်း မြေပြင်မှာ ဆေရုံးတည်ဆောက်တာ ၊ စစ်ရှောင်ကလေးတွေအတွက် ကစားကွင်း တည်ဆောက်ပေးတာ အပါအဝင် တော်လှန်ရေးအထောက်အကူပြုတာတွေကို များစွားပြုလုပ်နေ တာလည်း ဖြစ်ပါတယ်။
ဒါအပြင် မြေပြင်သပိတ်အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့လည်း The Way Musical Film ကို စစ်ဘေးရှောင်ပြည်သူတွေဆီ ပြသမှုတွေ ပြုလုပ်နေပါတယ်။