စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်ထဲမှာ တော်လှန်ပြည်သူတွေရဲ့ ”တော်လှန်ရေးသွေးမအေးတောင်ပုသွေး ” သပိတ်စစ်ကြောင်းက မတရားတဲ့ စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။
တော်လှန်ပြည်သူတွေက ”တော်လှန်ရေးသွေးမအေးတောင်ပုသွေး ” သပိတ်စစ်ကြောင်းဆိုတဲ့ စာသားကို ကိုင်ဆွဲပြီးတော့ အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဟစ်ကြွေးမှုတွေ ၊ မတရားတဲ့ စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ကန့်ကွက်ဟစ်ကြွေးမှုတွေနဲ့ ပြုလုပ်ခဲ့ကြတာပါ။
ဒေသခံတော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ အကြမ်းဖက်စစ်တပ်ကျရှုံး ရေး ဆန္ဒပြသပိတ်ကို နေ့စဉ်ပြုလုပ်နေကြပါတယ်။