မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) သို့ အသစ်ဝင်ရောက်လာသော ရဲဘော်သစ်များကို အခြေခံ စစ်ပညာသင်တန်း အပတ်စဉ် ၁ ကို ပို့ချပြီး၍ သင်တန်းဆင်းခဲ့ပြီ ဖြစ်ကြာင်း တံတားဦး ပကဖ ထံမှ သိရှိရသည်။
သင်တန်းဆင်းပွဲတွင် ရဲဘော်သစ်လေးများသည် စိတ်ဓာတ်၊ ခံယူချက်၊ ဇွဲ၊ လုံ့လ၊ ဝီရိယတို့နှင့် အရင်းတည်ကာ ယခုကဲ့သို့ အခြေခံစစ်ပညာကို သင်ယူပြီးမြောက်ခဲ့ကြပြီဖြစ်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း တာဝန်ခံအသီးသီးက ကြိုဆိုသည့် မိန့်ခွန်းများ ပြောကြားခဲ့ကြပြီး ရဲဘော်များကလည်း ကျမ်းသစ္စာကျိန်ဆိုခြင်း၊ စစ်ရေးလေ့ကျင့်မှုစွမ်းရည်များ ပြသခြင်း၊ ထူးချွန်သင်တန်းသားများကို ဆုချီးမြှင့်ခြင်း စသည့် အစီအစဉ်များလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။