ချင်းပြည်နယ် တွန်းဇံမြိုနယ်ရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ အုပ်ချုပ်ရေးမှူးနှင့် ပညာရေးမှူးများကို ယနေ့ ဇူလိုင်လ ၅ ရက်နေ့မှ စ၍ ဖမ်းဝရမ်းထုတ်ကြောင်း CDF – Tonzang က ကြေညာချက်ထုတ်ပြန်လိုက်သည်။
တွန်းဇံမြိုနယ်ရှိ စစ်တပ် လက်အောက်ခံ အုပ်ချုပ်ရေးမှူးနှင့် ပညာရေးမှူးသည် NUG သမ္မတဒူဝါလရှီးလ၏ အမိန့်ထုတ်ပြန်ချက်ဖြစ်သော ကျောင်းများဖွင့်လှစ်ခြင်းမပြုရန်နှင့် ရုံးတက်ခြင်းမပြုလုပ်ရန် တားမြစ်ထုတ်ပြန်ချက်ကို မလိုက်နာဘဲ ရုံးတက်ခြင်း၊ ကျောင်းများ ဖွင့်လှစ်စေခြင်းများကို ထပ်မံပြုလုပ်ကျူးလွန်ကြသည့်အပြင် CDF-Tonzang တပ်ဖွဲကို တိုက်မည်ဟူ၍ ပြင်းထန်သည့် စကားများလည်း ပြောဆိုသည်ဟု ပြည်သူများ၏ သတင်းပေးမှုများ ရှိခဲ့ကြောင်း CDF – Tonzang ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
CDF- Tonzang တပ်ဖွဲအနေနှင့် တွန်းဇံမြိုနယ်အုပ်ချုပ်ရေးမှူးနှင့်ပညာရေးမှူးများကို ချင်းလူမျိုးပီပီ တွန်းဇံမြိုနယ်၏ တိုးတက်ရာတိုးတက်ကြောင်းကို တာဝန်ယူ ဆောင်ရွက်သူဟု သတ်မှတ်၍ ၎င်းတို ၂ ဦးကို ယခင်က လွယ်လွယ်နှင့် အရေးယူရန် ရှောင်ရှားခဲ့ကြောင်း၊ သိုသော် ၎င်းတို ၂ ဦးအနေနှင့် CDF- Tonzang တပ်ဖွဲအပေါ်တွင် ပြင်းထန်သည့် စကားများကို အသုံးပြုပြောဆိုခဲ့မှုသည် နွေဦးတော်လှန်ရေး သိက္ခာကို ကျစေသည့်အပြင် CDF – Tonzang တပ်ဖွဲကို စိန်ခေါ်နေမှုဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထိုပြင် CDF-Tonzang တပ်ဖွဲအနေနှင့် တွန်းဇံမြိုနယ်တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရုံးများ ဖွင့်လှစ်ခြင်း၊ စာသင်ကျောင်းများ ဖွင့်လှစ်ခြင်း မပြုရန် အကြိမ်ကြိမ် တားမြစ်ထားပြီး ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။