ဇွန်လ ၁၃ ရက်နေ့မှာ ချင်းပြည်နယ်၊တွန်းဇံမြို့၊လုံခြုံရေးဂိတ်မှာ ပြည်သူ ၂ ဦးထံမှ အိန္ဒိယငွေရူပီး သိန်း ၃၀၀ နှင့် ၄၀၀ ကြား ခန့်မှန်းတန်ဖိုးရှိ ဘိန်းများကို ချင်းအမျိုးသားတပ်မတော်(CNA)ကဖမ်းဆီးရမိကြောင်းသတင်းထုတ်ပြန်ထားပါတယ်။
ချင်းအမျိုးသားတပ်မတော်နှင့်ပူးပေါင်းတပ်ဖွဲ့မှ မကြာသေးခင်က ထိန်းချုပ်ထားသော ချင်းပြည်နယ် မြောက်ပိုင်းတွန်းဇံမြို့လုံခြုံရေးဂိတ်မှာ ဇွန်လ ၁၃ ရက်ညနေက ပြည်သူ ၂ ဦးထံမှ အိန္ဒိယနိုင်ငံကိုပို့မည့် ဆပ်ပြာဗူးပေါင်း ၁ ထောင်ဖြင့်ထုတ်ထားသော ဘိန်းဖြူများကိုသိမ်းဆည်းရမိကာ၊၄င်းတို့ ၂ ဦးနှင့် ၄င်းတို့အသုံးပြုသည့်မော်တော်ယာဉ်ကို မူးယစ်ဆေးဝါးဆိုင်ရာလုပ်ထုံးလုပ်နည်းနှင့်အညီအရေးယူဆောင်ရွက်နိုင်ရေးယာယီထိန်းသိမ်းထားကြောင်းသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။