ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် ပန်းခြံနာရီစင်အနီးက အကြမ်းဖက် စစ်ကောင်စီ လက်ပါးစေ ပြည်သူ့စစ် စစ်ဆေးရေးဂိတ်ကို PDF Twantayက ဗုံးသီးနဲတိုက်ခိုက်ပြီးနောက် သေနတ်နဲ့ ပစ်ခတ်တွေ လုပ်ခဲ့ရာမှာ သေဆုံးမှုတွေ ရှိခဲ့တယ်လို့ PDF Twantay- တောကြီးတန်းသွေး PDFက ထုတ်ပြန်ပါတယ်။
အဲဒီ ပျူစောထီး (ပြည်သူစစ်) စက်တင်ဘာ ၂၁ရက် မနက် ၄နာရီမှာ တော်လှန်ရေးတပ်ဖွဲ့က ဂိတ်ကို ဗုံးသီးပစ်ပြီး သေနတ်အရှည်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။
” အဲ့ဒါ အတည်ပြုဖို့ခက်နေတယ်ဗျ သူတို့ ပျူအသိုင်းအဝိုင်းက သတင်းပြန်ထွက်တာက နှစ်ယောက်သေ ဆိုပြီး အသံထွက်တယ်ဗျာ မထိဘူးလို့လည်းဖုံးအုပ် သံထွက်တယ်” လို့ တောကြီးတန်းသွေး PDFက ပြန်ကြားရေးတာဝန်ခံ တဦးက ပြောပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း ၂ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက် စစ်အုပ်စုဘက်ကတော့ အဲဒီ ၂ဦးမှာ သေဆုံးမှုတွေ ရှိခဲ့တယ်ဆိုတာနဲ့ ဒီသေဆုံးမှုကို ဖုံးဖိတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုတွေ အပြီးမှာ အကြမ်းဖက်စစ်တပ်က တွံတေးမြို့နယ်၊ ရွှေဆံတော်ရပ်ကွက်မှာ ဧည့်စာရင်းစစ်တာတွေအပြင် ပိတ်ဆို့ရှာဖွေတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
တောကြီးတန်းသွေး PDFရဲ့ ပထမဆုံး mission ကို စက်တင်ဘာ ၁၈ရက်ကလည်း တွံတေး မြို့မ ရဲစခန်းအတွင်းကို ၄၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။