ချင်းပြည်နယ်၊ ထန်တလန်မြိုနယ် ခွါဖိုကျေးရွာကို ယနေ့ ဩဂုတ် ၁၄ရက် နံနက်ပိုင်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုရားကျောင်းနှင့် နေအိမ်အချို ပျက်စီးသွားကြောင်း ဒေသခံများ ပြောဆိုချက် အရ သိရသည်။
ချင်းအမျိုးသားတပ်မတော် CNAနှင့် CDF-Thantlang ပူးပေါင်းတပ်ဖွဲတိုသည် စစ်ကောင်စီတပ်ဖွဲတို ထန်တလန်မြို၌ တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီက ထန်တလန်မြို မြောက်ဖက် ၅မိုင်ခန့်အကွာတွင် တည်ရှိသည့် ခွါဖိုကျေးရွာကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဒီမနက် ၅ နာရီဝန်းကျင်လောက်မှာ လေယာဉ်နဲ့ ဗုံးကျဲတာ ။ ဘုရားကျောင်းနဲ့ နေအိမ် ၄ လုံး ပျက်စီးတယ်။ လူတွေက တိုက်ပွဲဖြစ်တဲ့အချိန်မှာ လေယာဉ် လာမှာ ကြောက်ပြီး ရှောင်နေလို့ အားလုံး လွတ်ပါတယ်” ဟု CNA ချင်းအမျိုးသားတပ်မတော်မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
ထန်တလန်မြို၏ စစ်ကောင်စီတပ်စခန်းတစ်ခုကို ချင်းအမျိုးသားတပ်မတော် CNAနှင့် CDF-Thantlang ပူးပေါင်းတပ်ဖွဲတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်သား ၂ ဦးလည်း အရှင်ဖမ်းဆီးရမိကြောင်း သိရှိရသည်။