ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)၊ လူထုစည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီက ဦးဆောင်ပြီး ၃၆ နှစ်မြောက် ကိုဖုန်းမော်နေ့အမှတ်တရ ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆုတောင်းပွဲ မတ်လအရေးခင်းအတွင်း ကျဆုံးသွားခဲ့ကြသည့် ဒီမိုကရေစီသူရဲကောင်းများကို အလေးပြုခြင်း ၊ ငြိမ်သက်ဆုတောင်းခြင်းများလုပ်ဆောင်ခဲ့ကြောင်း၊ ဆုတောင်းပွဲလာ ကျေးလက်နေပြည်သူများကို ဖုန်းမော်နေ့ သမိုင်းမှတ်တမ်းရုပ်သံအပါအဝင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးအန္တရာယ်ကို အရေးပေါ်ကာကွယ်နိုင်မည့် ပုံပြရုပ်သံများကို ပြသခဲ့ပါကြောင်း သိရသည်။