ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC) က ဦးဆောင်၍ ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။
အဆိုပါလှုပ်ရှားမှုကို ‘လူထုအာဏာတည်ဆောက် လွတ်မြောက်ရေးအတွက် ဆက်လျှောက်’ဆိုသည့် ခေါင်းစဥ်နှင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒေသပြည်သူအမျိုးသမီး၊ လူငယ်များအပါအဝင် ပြည်သူလူထု ပူးပေါင်းပါဝင်မှုနှင့်အတူ ချီတက်လှုပ်ရှားခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။