ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ထဲတွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)မှ ဦးဆောင်ပြီး လူသားများ၏ အခြေခံအခွင့်အရေးများကို အလေးထားကြရန်နှင့် လူ့အခွင့်အရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားကြရန် လှုံ့ဆော်သည့်အနေနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လှုပ်ရှားမှုကို “ငါတို့ အခွင့်အရေး ငါတို့အနာဂတ်၊ အာဏာရှင်ဟူသမျှ အဆုံးသတ်” ခေါင်းစဥ်နှင့် ဒီဇင်ဘာလ ၁၄ ရက် နေ့လယ်တွင် ဒေသအမျိုးသမီး၊ လူငယ်များအပါအဝင် ပြည်သူလူထုအများအပြား ပူးပေါင်းပါဝင်မှုနှင့်အတူ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။