တနင်္သာရီတိုင်း၊ ထားဝယ်မြိုပေါ်တွင် ကင်းလှည့်နေသည့် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၂ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် ထားဝယ်မြို၊ ဘုမ္မော်ရပ်ကွပ်၊ စောမိညိုလမ်းတွင် ကင်းလှည့်ရန် ထွက်လာသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲများက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၂ ဦးသေဆုံးပြီး ၁၄ ဦးထိခိုက် ဒဏ်ရာရရှိကာ တော်လှန်ရေး ရဲဘော် ၁ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် တော်လှန်ရေး တပ်ဖွဲဝင်များ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“တိုက်ခိုက်မှုအတွင်း စစ်ခွေးတွေဘက်က ၁၂ ကောင်သေတယ်။ ၁၄ ကောင် ဒဏ်ရာရတယ်။ လက်နက်တွေ သိမ်းဆည်းရမိတာတော့ မရှိဘူး” ဟု ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း၏ တပ်ခွဲ ၁ ဖြစ်သော (Special Guerrilla Force ) အထူးပြောက်ကျားတပ်ဖွဲက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။